NETPRO GPS အကြောင်း

NETPRO GPS SOLUTIONS သည် မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ ကုန်သေတ္တာ စသည်တို့၏ တည်နေရာများကို အချိန်နှင့် တစ်ပြေးညီ ခြေရာခံနိုင်ခြင်း၊ သွားလာခဲ့သော လမ်းကြောင်းများ၏ ခြေရာခံမှုများကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ကြိုတင်သတ်မှတ်ထားသော Event များ ဖြစ်ခဲ့ပါကလည်း သတိပေး အကြောင်းကြားနိုင်ခြင်း၊ Report ပုံစံမျိုးစုံကို ထုတ်ယူကြည့်ရှုနိုင်ခြင်း၊ ခြေရာခံစနစ် တပ်ဆင်ထားသော ယာဉ်များကို မိမိတို့၏ Smart Phone ၊ Tablet ၊ Computer များပေါ်တွင် အလွယ်တကူကြည့်ရှု အသုံးပြုနိုင်ပါသည်။

အကျိုးကျေးဇူးများ

     မြေပုံတွင် ထောင်ပေါင်းများစွာသော ယာဉ်များ၏ တည်နေရာများကို စောင့်ကြည့်နိုင်ခြင်း

    အသုံးပြုရ လွယ်ကူခြင်း

    အချိန်နှင့် တစ်ပြေးညီ ခြေရာခံထားမှုများကို မှတ်တမ်းအဖြစ် ပြန်လည်သိမ်းဆည်းပေးခြင်း

   Report ထုတ်ယူနိုင်ခြင်းနှင့် Event များကို ကြိုတင်သတ်မှတ် ဖမ်းယူနိုင်ခြင်း

     မည်သည့် Smart Phone တွင်မဆို Application ထည့်သွင်းကြည့်ရှုနိုင်ခြင်း

   ကုန်ကျစရိတ် သက်သာစွာဖြင့် တပ်ဆင်အသုံးပြုနိုင်ခြင်း

How it works

အသုံးပြုနိုင်သော လုပ်ငန်းများ

    ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ

    ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ချိရေး လုပ်ငန်းများ

    သင်္ဘော Cargo များ

    ကုန်ပစ္စည်း ကြော်ငြာလုပ်ငန်းသုံးယာဉ်များ

    ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ

    ရေ/လောင်စာဆီသယ် Tanker Truck ယာဉ်များ

    ဝန်ထမ်း ကြို/ပို့၊ ကျောင်းသား ကြို/ပို့ ယာဉ်များ

    ရုံးလုပ်ငန်းသုံး ယာဉ်များ

    ဆေးရုံ/ဆေးခန်းသုံး/လူနာတင် ယာဉ်များ

    အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသော မော်တော်ယာဉ်များ

NETPRO GPS SOLUTIONS သည် ယာဉ်များ၏ တည်နေရာများကို စောင့်ကြည့်နိုင်ရုံတင်မက ယာဉ်များ၏ ဆီသုံးစွဲနေမှု၊ လက်ကျန်ဆီစာရင်းများကိုပါ ထုတ်ယူကြည့်ရှုနိုင်သည်။ ထိုသို့ကြည့်ရှုရာတွင် တခြားသော အပို Fuel sensor များ တပ်ဆင်ရန် မလိုအပ်ဘဲ ယာဉ်များတွင် ပါဝင်သော Fuel Sensor ဖြင့်ပင် ချိတ်ဆက်တပ်ဆင်နိုင်သောကြောင့် ကုန်ကျစရိတ်သက်သာစေသည်။

ယာဉ်များ၏ ဆီထုတ်၊ ဆီသွင်း ပြုလုပ်နေမှုများကိုလည်း အချိန်နှင့် နေရာ အတိအကျ ဖမ်းယူနိုင်သည့်အပြင် မသမာသူများ၏ ဆီခိုးယူနေမှု(Fuel Theft) ကိုပါ သိရှိနိုင်ပြီး အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားပေးနိုင်သည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ ပိုမိုထိရောက်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် NETPRO GPS SOLUTIONS မှ ဝန်ဆောင်မှုပေးနေပါသည်။